မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။...

Scan the qr code to link to this page

ဟဒီးဆ်
ရှင်းလင်းချက်
ဘာသာပြန်များကို ကြည့်ရှုရန်
ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ
အမျိုးအစားများ
ထပ်၍
အဗူမတ်စ်အူးဒ်အလ်ဗဒရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မည်သူမဆိုညမအိပ်မီအလျင် စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ဖတ်ရွတ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား မကောင်းခြင်းဟူသမျှနှင့်မနှစ်မြို့ဖွယ်ရာကိစ္စများမှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ အချို့သာသနာ့ပညာရှင်များက “၎င်းသူအတွက်လုံလောက်သွားပြီဖြစ်သည်”ဟူသည့် ဩဝါဒတော်၏ ဆိုလိုရင်းအား သဟဂျ်ဂျုဒ် ညဆွလာသ်အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က မိမိရွတ်ဖတ်လေ့ရှိသော ဇိကိရ်၊သိလာဝသ် စသည်တို့အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က သဟဂျ်ဂျုဒ် ညဆွလာသ်အထမြောက်စေရန်အတွက် အနိမ့်ဆုံး ဖတ်ရွတ်ရမည့် အတိုင်းအတာဖြစ်ကြောင်း စသည်ဖြင့် တင်ပြကြပြီး အချို့ကလည်း အခြားအဆိုများကို တင်ပြကြသည်။ တင်ပြခဲ့သော အဆိုတိုင်းသည် ဟဒီးဆ်စာသား၏ အလိုသဘောတွင် ပါရှိသဖြင့် အားလုံး မှန်ကန်ပေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်များ၏ မွန်မြတ်မှုကို တင်ပြထားသည်။
  2. စူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်များအား ည၌ဖတ်ရွတ်ခဲ့ပါက ထိုအာယသ်တော်များသည် ထိုဖတ်ရွတ်သူအား ဘေးအန္တရာယ်များ၊ ဆိုးကျိုးများနှင့် ရှိုင်သွာန်များမှ ကာကွယ်ပေးမည်ဖြစ်သည်။

အမျိုးအစားများ

အောင်မြင်စွာဖြင့် ပို့ပြီးပါပြီ